ကချင်သူလေး 'မေဝမ်' က တောင်းဆိုလို့ 'hatch cover' နဲ့ ပတ်သတ်ပြီး မှတ်မိသလောက်လေးကိုရေးကြည့်ပါမယ်။ 'စာ' တခါမှမရေးဘူးလို့ အဆင်ပြေသလို ဖတ်ပေးဖို့ကြိုပြီး၊ တောင်းပန်ချင်ပါတယ်ခင်ဗျာ။
'hatch covers' တွေရဲ့အဓိက control တွေတော့ hydraulic system ပါ။ power pack လို့ခေါ်တဲ့ hydraulic pump station မှာ၊ electric driven motor နဲ့ pump ကို မောင်းပါတယ်။ direct coupling ဖြစ်ရင်ဖြစ်မယ်၊ chain coupling ဖြစ်ရင်လည်းဖြစ်မယ်။ hydraulic tank မှာတော့ suction filter ရှိမယ် ၊pump ရဲ့ discharge line မှာ check valve တလုံးရယ် pressure relief valve တလုံးရယ် ရှိပါမယ်။
relief valve က သတ်မှတ်ထားတဲ့ pressure ရအောင် လုပ်ပေးပါတယ်။ တကယ်လို့ အကြောင်းတခုခုကြောင့် pump overload ဖြစ်ခြင်းမှလည်း၊ ကာကွယ် ပေးပါတယ်။ နောက်ပြီးတော့ မပါမဖြစ်တဲ့ line filter ရှိပါမယ်။ safety အတွက်ကတော့ hydraulic oil high temperature ဖြစ်ရင် cut out လုပ်မဲ့ thermostat ရယ်၊ oil low level ဖြစ်ရင်cut out လုပ်မဲ့ level switch တခုရှိပါမယ်။ ဒါတွေကတော့ hydraulic power station တခုမှာ မဖြစ်မနေ ရှိရမဲ့ဟာတွေပါ။ အချို့ system တွေမှာ oil cooler fan ရယ်၊ သူ့ကို temperature အလိုက်မောင်းပေးမဲ့ control thermostats ရယ်၊ ရှိတတ်ပါတယ်။
'accumulator' လို့ခေါ်တဲ့ out put pressure ကို steady ဖြစ်အောင် ထိန်းပေးထားမယ့် nitrogen ဖြည့်ထားတဲ့ cylinder တလုံးလည်း၊ ရှိနိုင်ပါတယ်။ hatch cover ကိုဖွင့်တာကတော့ (၂) မျိုးရှိနိုင်ပါတယ်။ hatch cover ကြီးကို hydraulic cylinder (၂) လုံးနဲ့ တွန်းတင်ပြီးဖွင်.တဲ့ system ပါ။ hatch တပေါက်မှာ cover (၂) ခုပါမယ်။ စုစုပေါင်း hyd cylinder (၄) လုံးရှိပါမယ်။ hatch cover က vertical motion ပါ။ နောက်တမျိုးကတော့ hatch cover ကို roller တွေ chain တွေနဲ့ ဆွဲပြီးဖွင့်တဲ့ systemပါ။ hatch cover က horizontal motion ပါ။
system (၂) ခုလုံးအတွက် 3 way directional control valve ကို control အဖြစ်နဲ့ အသုံးများကြပါတယ်။ ပထမ system အတွက် hydraulic power station မှ၊ လာတဲ့ pressure ကို 3 way directional control valve ကတဆင့် hydraulic cylinder ကို၊ လိုအပ်သလိုမောင်းပြီး အဖွင့်အပိတ်လုပ်ပါတယ်။
ဒုတိယ system အတွက် hydraulic power station မှ၊ လာတဲ့ pressure ကို 3 way directional control valve ကတဆင့် hydraulic motor ကို လိုသလို၊ ရှေ့နောက်လည်စေပါတယ်။ hydraulic motor ရဲ့ shaft ကိုhatch cover မှာတပ်ထားတဲ့ roller တွေ chain တွေနဲ့ ဆက်ထားတဲ့အတွက် hatch cover အား၊ ဆွဲပြီး ဖွင့်နိုင်ပိတ်နိုင်ပါတယ်။
bulk Carriers သဘော်တွေနဲ့ ကုန်သေတ္တာတင် container သဘော်တွေရဲ့ "weather deck" မှာ အသုံးပြုတဲ့ hatch covers တွေကို၊ ခွဲခြားကြည့်လျှင် Rolling hatch covers, Folding hatch covers, Lift-away hatch covers နဲ့ Piggy-back hatch covers ဆိုပြီးတွေ့ရသလို Folding hatch covers တွေကို high stowing folding hatch covers နဲ့ low stowing folding hatch covers ဆိုပြီး ထပ်မံ ခွဲခြားနိုင်ပါတယ်။
Lift-away hatch covers ကလွဲလို့ ကျန်တဲ့ hatch covers အမျိုးအစား အားလုံးဟာ hydraulic system ကို အသုံးပြုပြီး၊ အဖွင့်အပိတ် ဆောင်ရွက်ရတဲ့ hatch covers တွေဖြစ်ကြပါတယ်။ High stowing folding hatch covers တွေမှာ 3/ 2 ways directional control valves တွေကိုသာ၊ အသုံးပြုကြပါတယ်။
Credit to : Sea Lord (Win Wise Wish Marine Engineering Group)
Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.


သိပ်ကောင်းတယ်ကိုထွန်းသူရေ့ ။ ကျေးဇှုးပါပဲ။ ပုံလေးတွေကောအမျီူးအစားတွေပါဖြည့်စွက်ပေးလိုက်တော့ဝေဝေဆာဆာလေး
ReplyDeleteဖြစ်သွါးတါပေါ့ဗျာ။။