Monday 9 September 2013

"Design of Ship Hull Structures"


ရေယာဉ်ဗိသုကာတွေသာမက ရေကြောင်းအင်ဂျင်နီယာတွေပါ ကိုးကားသင့်တဲ့ Design of Ship Hull Structures ဆိုတဲ့ စာအုပ်ဖြစ်ပါတယ်။ 'Hull Structural Vibration နဲ့ Vibration Prevention' အပိုင်းတွေပါဝင်ပါတယ်။

Prof. Yasuhisa Okumoto, Kinki University, School of Engineering., Dr. Masaki Mano, Ex-Professor of Kinki University, School of Engineering., Dr. Yu Takeda, IHI Corporation နဲ့ Dr. Tetsuo Okada IHI Marine United Inc. တို့ရေးသားတဲ့ စာအုပ်ဖြစ်ပြီး၊ Springer-Verlag Berlin Heidelberg စာအုပ်တိုက်မှ (၂၀၀၉) ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။

အပိုင်း (၁) - Part I Fundamentals မှာ Philosophy of Hull Structure Design, Structural Design Loads, Strength Evaluation, Hull Structure Design System, Progress in Ship Design, Materials, Finite Element Method တို့ ပါဝင်ပါတယ်။

အပိုင်း (၂) - Part II Theory မှာ Design of Beams, Design of Girders, Damage of Girders, Design of Pillars, Design of Plates, Design of Stiffened Panel, Torsion, Deflection of Hull Structures, Welding, Fracture Control နဲ့ Hull Structural Vibration တို့ပါဝင်ပါတယ်။

အပိုင်း (၃) - Part III Applications မှာတော့ Hull Structure Arrangement, Longitudinal Strength of Hull Girder, Transverse Strength of Ship, Torsional Strength, Shell Structure, Bulkheads, Deck Structure, Double Hull Structure, Fore Construction, Engine Room Construction, Stern Construction and Stern Frame, Vibration Prevention နဲ့ Superstructure တို့ပါဝင်ပါတယ်။
စုစုပေါင်း စာမျက်နှာ (၅၆၅) မျက်နှာရှိပြီး၊ ဒီနေရာ မှတဆင့် ရယူနိုင်ပါတယ်။

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

"Shipboard Electrical Distribution System"

သဘော်ဆိုတာ 'mobile power plant' ရယ်လို့ပြောနိုင်ပါတယ်။ သဘော်မှာ တတ်ဆင်ထားတဲ့ စက်ကရိယာ machinery အများစုဟာ၊ လျှပ်စစ်ဓါတ်အားကို အသုံးပြုမောင်းနှင်ရတဲ့အတွက်၊ လိုအပ်မယ့် electrical power demand ပမာဏ၊ ကြီးမားပါတယ်။ သဘော် တစီးလုံးအတွက် လိုအပ်မယ့် electrical power demand ကို၊ ပေးပို့ထောက်ပံ့နေတဲ့ 'shipboard electrical distribution system' ဟာ ဆုံးရှုံးလေလွင့်မှု losses မရှိသလောက်နည်းပါးပါတယ်။ သဘော်တွေမှာ AC 50/ 60 Hz, 3 phase, 450 V , 415 V နဲ့ 380 V အစရှိ သလို၊ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ယူပါတယ်။ 

ဒါပေမယ့် electrical propulsion system အသုံးပြုတဲ့ သဘော်တွေနဲ့ LNG tanker လို သဘော်တွေမှာတော့ high voltage ဖြစ်တဲ့ 3 phase, 6.6 KV အနေနဲ့၊ ထုတ်ယူသုံးစွဲပါတယ်။ general cargo သဘော်တွေမှာ DWT တန်ချိန် (၁၀, ၀၀၀) လောက်ဆိုရင် 1 mega watt လောက် power လိုအပ်မှာ ဖြစ်ပြီး၊ TEU (၁၀, ၀၀၀) လောက် ရှိတဲ့ container သဘော်တွေမှာတော့ 8 mega watt လောက် လိုအပ်ပါတယ်။ tanker တွေမှာတော့ 1.5 ~ 5 mega watt ခန့်နဲ့ LNG tanker တွေမှာတော့ 12 mega watt ခန့် လိုအပ်ပါတယ်။



Fig. Bus-bar 

generators တွေမှ ထုတ်ယူရရှိလာတဲ့ လျှပ်စစ်ဓါတ်အားကို main circuit breaker တွေကတဆင့် main switch board ထဲမှာရှိတဲ့ bus bar တွေထဲသို့ပေးပို့ပြီး၊ လိုအပ်သလို ခွဲယူအသုံးပြုကြပါတယ်။ main bus bar တွေရဲ့ rating ကို ကုန်တင်ကုန်ချ cargo operation အတွက် အသုံးပြုမယ့် critical machinery တွေမှာ လိုအပ်မယ့် power နဲ့ သဘော်မောင်းနှင်နေစဉ်မှာ အသုံးးပြုမယ့် critical machinery တွေ အတွက်လိုအပ်မယ့် power တွေအပေါါ မူတည်ပြီး၊ သဘော်အမျိုးအစားအလိုက်၊ ရွေးချယ်ခွဲယူရပါတယ်။  

bus bar တခုနဲ့ တခုကြားမှာ လျှပ်ကာ insulated supports တွေနဲ့ clamps တွေကိုသုံးပြီး၊ main switch board နဲ့ ချိတ်ဆက်ထားပါတယ်။ လျှပ်ကူး conductive bus bar တွေအဖြစ်၊ copper ကြေးပြား အထူတွေကိုသုံးပြီး၊ main switch board ထဲမှာ အလျှားလိုက်တတ်ဆင်ထားပါတယ်။ phase တခုစီ အတွက် bus bar (၂) ချောင်းတစုံ တတ်ဆင်ထားပြီး၊ circuit barkers တွေကို clamping အနေနဲ့ ချိတ်ဆက်ထားပါတယ်။ circuit barkers တွေနဲ့ bus bars တွေ၊ ချိတ်ဆက်တဲ့အခါ sliding contact တွေကိုအသုံးပြုပါတယ်။ ဟိုးအရင်ကတော့ bus bar တွေမှာ insulation တွေ 'ပတ်' မထားပဲ၊ အသုံးပြုလေ့ရှိရာမှ၊ နောက်ပိုင်းမှာတော့ insulation တွေပတ်ကာ အသုံးပြုလာတာကိုတွေ့ရပါတယ်။

main switch board အတွင်း၊ လျှပ်စစ်ဓါတ်အားစီးဆင်းနေတဲ့ bus bars တွေသွယ်တန်းးထားတဲ့အခါ၊ bus bar တွေတချောင်း နဲ့ တချောင်းကြားမှာ ပြင်ပလေထု atmosphere ရှိနေပါတယ်။ bus bars တွေဟာ dead ဖြစ်နေပေမယ့် capacitance effect နဲ့ လျှပ်သိုသဘောမျိုး လျှပ်စစ်ဓါတ်အား သိုလှောင်ထားနိုင်သေးတဲ့ အတွက်၊ main switch board ရဲ့ အတွင်းပိုင်း ပြင်ဆင်မှုတွေကို၊ ဆောင်ရွက်ရာမှာ၊ ၊ bus bars တွေကို ကိုင်တွယ် ရမယ်ဆိုလျှင်၊ discharge လုပ်ပြီးမှသာ ထိတွေ့သင့်ပါတယ်။

ကုန်းပေါါ at shore မှာ၊ လျှပ်စစ်ဓါတ်အား သယ်ဆောင်ဖြန့်ဖြူးခြင်း transmission & distribution ကိုဆောင်ရွက်တဲ့အခါ၊ 3 phase, 4 wires system ကို အသုံးပြုပါတယ်။ phase တခုစီ အတွက် conductor တနည်းအားဖြင့် wire တခုစီကို သုံးထားပြီး၊ စတုထ္တမြောက် wire ကတော့၊  return circuit ဖြစ်တဲ့ 'neutral wire' ဖြစ်ပါတယ်။ သဘော်ပေါါ on-board မှာတော့ '3 phase, 3 wire insulated' သို့မဟုတ် '3 phase, 4 wire neutral grounded' နဲ့ 'single phase, 2 wire insulated' သို့မဟုတ် 'single phase, 3 wire neutral grounded' အစရှိတဲ့ စနစ်တွေကို၊ အသုံးပြုပါတယ်။


Fig. Earth neutral system - earthed system has one pole or neutral point connected to earth.

လျှပ်စစ်ဓါတ်ကို သယ်ဆောင်ပေးပို့နေတဲ့ conductor တခုခုမှာ၊ insulation failure ကြောင့်ပဲဖြစ်ဖြစ်၊ conductor ဟာ machinery တွေရဲ့ metal enclosure part အစိတ်အပိုင်းတွေကို၊ ထိမိလို့ပဲဖြစ်ဖြစ် voltage accumulation ကြောင့် ဓါတ်လိုက်ခြင်းဆိုတဲ့ 'electrical shock' ဖြစ်ပေါါတတ်ပါတယ်။ electrical shock ဟာ လူသားတွေမှာ၊ အသက်အန္တရာယ်ထိခိုက်မှု ဖြစ်ပေါါနိုင်တဲ့အတွက်၊ ကုန်းပေါါမှာ neutral wire ကို ground ချကာအသုံးပြုကြပြီး "earthed neutral system" လို့ခေါါပါတယ်။

ground ချခြင်း တနည်းအားဖြင့် earth ဖမ်းထားခြင်းကြောင့် circuit failure ဖြစ်ပေါါတဲ့အခါ၊ protection devices တွေမှတဆင့် tripping ဖြစ်ပေါါစေပြီး၊ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်ကာ electrical shock အန္တရာယ်မှ၊ ကာကွယ်တားဆီးပါတယ်။ လူသားတွေ ဘေးအန္တရာယ် ကင်းရှင်းစေဖို့ကိုသာ အဓိက ရည်ရွယ်ပြီး၊ machinery တွေရဲ့ safety ပိုင်းနဲ့ operation ပိုင်းတွေကို၊ ထည့်သွင်း စဉ်းးစားခြင်း မရှိတာ၊ တွေ့ရမှာဖြစ်ပါတယ်။


Fig. Insulated earth system, totally electrically insulated from earth connected to ship's hull.

သဘော်ပေါါမှာ essential machinery တွေရဲ့ safety ပိုင်းနဲ့ operation ပိုင်းတွေကိုသာ အဓိက ထားပါတယ်။ အဓိကရည်ရွယ်ချက် main priority ကတော့ သဘော်ဘေးအန္တရာယ် ကင်းရှင်းစေဖို့သာ ဖြစ်ပြီး၊ navigation နဲ့ fire safety အစရှိတဲ့ အချက်တွေကို ကာကွယ်နိုင်ဖို့ပဲဖြစ်ပါတယ်။ အကြောင်းတစုံတခုကြောင့် earth fault ဖြစ်ပေါါခဲ့လျှင်၊ essential machinery တွေကို isolate လုပ်ကာ ဆက်လက်မောင်းနှင်အသုံးပြုနိုင်စေရန်၊ စီမံထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ circuit failure ဖြစ်ပေါါတဲ့အခါ၊ "insulated neutral system" မှတဆင့် ground ချခြင်း တနည်းအားဖြင့် earth ဖမ်းထားခြင်းဖြင့်၊ ကာကွယ်တားဆီးထားတယ်လို့ ဆိုနိုင်ပါတယ်။

insulated neutral system မှာ insulator ဟာ စီးဆင်းနေတဲ့လျှပ်စစ်ဓါတ်အားကို၊ conductor ထဲမှာသာ ရှိနေစေရန်ဆာင်ရွက်ပေးပါတယ်။ circuit faults ဟာ insulation brake နဲ့ conductor brake ဆိုတဲ့အခြေအနေ (၂) ခုကြောင့် ဖြစ်ပေါါပါတယ်။ open circuit fault, earth fault နဲ့ short circuit fault ဆိုတဲ့ basic circuit fault (၃) မျိုးရှိပါတယ်။


Fig. A = open circuit fault, B = earth fault, C = short circuit fault

conductor brake ဖြစ်ပေါါတဲ့အခါ၊ လျှပ်စစ်ဓါတ်စီးဆင်းခြင်းမရှိတော့တဲ့အတွက် open circuit fault ဖြစ်ပေါါလာပြီး၊ insulation brake ဖြစ်ပေါါတဲ့အခါမှာတော့၊ conductor ဟာ၊ သဘော်ရဲ့ hull သို့မဟုတ် earthed metal enclosure တွေနဲ့ ထိမိပြီး၊ earth fault ဖြစ်ပေါါပါတယ်။ insulation brake ဟာ conductor (၂) ခု လုံးမှာ ဖြစ်ပေါါတဲ့အခါ၊ conductor တခုနဲ့ တခုထိမိရာမှ၊ short-circuit fault ဖြစ်ပေါါပါတယ်။ earth fault ဟာ equipments တွေနဲ့ machinery တွေမှာ အများဆုံးဖြစ်ပေါါတတ်ပြီး၊ earthed ဆိုတဲ့ ground ချမထားတဲ့အခါ၊ ပြင်းထန်တဲ့ electrical shock ကိုဖြစ်ပေါါစေပါတယ်။ 

ကုန်းပေါါမှာအသုံးပြုတဲ့ "earthed neutral system" ကို၊ သဘော်ပေါါမှာအသုံးပြုအခါ၊ line conductor တခုတည်းမှာသာ တတ်ဆင်ပြီး၊ earth fault current ကိုစီးစေပါတယ်။ တနည်းအားဖြင့် single earth fault လို့ဆိုနိုင်ပါတယ်။ earth fault ဖြစ်ပေါါတဲ့အခါ high current ဟာ၊ short circuit fault အဖြစ်၊ မြေကြီး ground ထဲကို စီးသွားသလို၊ on-board မှာတော့ သဘော်ရဲ့ hull ကို စီးဆင်းသွားမှာဖြစ်ပါတယ်။ စီးသွားတဲ့ earth fault current ကြောင့် line မှာရှိတဲ့ fuse ကဲ့သို့၊ protection devices တွေမှတဆင့်၊ ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်လိုက်ပါတယ်။ အကယ်၍ သဘော်မောင်းနှင်နေစဉ် လျှပ်စစ်ဓါတ်အား ဖြတ်တောက်လိုက်တဲ့အခါ၊ equipment သို့မဟုတ် machinery ဟာ၊ steering gear ကဲ့သို့ အရေးကြီးတဲ့ critical machinery သို့မဟုတ် မရှိမဖြစ် လိုအပ်တဲ့ essential machinery သာဖြစ်ခဲ့လျှင်၊ သောင်တင်ခြင်း grounded နဲ့ သဘော်တိုက်ခြင်း collision တွေဖြစ်ပွားနိုင်ပါတယ်။

"insulated neutral system" မှာတော့ single earth fault ကြောင့် ဖြစ်ပေါါလာတဲ့ earth fault current ဟာ၊ completed circuit အဖြစ်မစီးဆင်းနိုင်တာကိုတွေ့ရမှာဖြစ်ပါတယ်။ single earth fault (၂) ခု ဖြစ်ပေါါတဲ့ အခါမှသာ short circuit fault အနေနဲ့ သဘော်ရဲ့ hull သို့ စီးဆင်းသွားပြီး၊ protection devices တွေမှတဆင့် equipments တွေနဲ့ machinery တွေကို၊ isolate လုပ်လိုက်မှာဖြစ်ပါတယ်။ တနည်းအားဖြင့် line (၂) ခုမှာ earth fault ဖြစ်မှသာ၊ ပေးပို့နေတဲ့ လျှပ်စစ်ဓါတ်အားကို ဖြတ်တောက်တယ်လို့ ဆိုနိုင်ပါတယ်။ 

သဘော်မှာ earth fault ဖြစ်ပေါါတတ်တဲ့နေရာတွေကတော့ အပူအအေး လွန်ကဲတဲ့နေရာတွေ၊ တုန်ခါမှု vibration များလွန်းတဲ့နေရာတွေ၊ အကွေး bend နေရာတွေ၊ ရေခိုးရေငွေ့ moisture နဲ့ စွတ်စိုတဲ့နေရာတွေ၊ ဖုန်နဲ့ အမှိုက်သရိုက်၊ အညစ်အကြေး dust and dirt များလွန်းတဲ့နေရာတွေ နဲ့  mechanical stress များလွန်းတဲ့နေရာတွေဖြစ်ပါတယ်။

generator တွေမှထုတ်ပေးတဲ့ လျှပ်စစ်ဓါတ်အားကို၊ main switch board မှာရှိတဲ့ bus bar တွေကတဆင့်၊ အသုံးပြုမယ့်နေရာတွေကို ခွဲခြားပေးပို့ပါတယ်။ သဘော်မှာ အသုံးပြုတဲ့ main switch board တွေဟာ 'self mounted - drip proof type' တွေဖြစ်ပြီး၊ လက်ခံမယ့် လျှပ်စစ်ဓါတ်အားဟာ AC 50 volt ထက်ကျော်ရင် 'dead front panel' ဖြစ်ရမယ်လို့ SOLAS regulation အရသတ်မှတ်ထားပါတယ်။ 'self mounted' ဆိုတာကတော့ main switch board ဟာ bulkhead လို နံရံမှာကပ်ပြီး၊ တတ်ဆင်ထားတာ မဟုတ်သလို၊ standing frame လို ဘောင်တခုခုကို မှီပြီး တတ်ဆင်ထားတာမျိုးလည်းမဟုတ်ပဲ၊ သီးခြား ရပ်တည်နေတာရယ်လို့ ပြောနိုင်ပါတယ်။

'drip proof' ဆိုတာကတော့ တော်ရုံတန်ရုံ ရေမှုန်ရေမွှားရေစက်တွေ စင်တဲ့အခါနဲ့ ရေတွေကျတဲ့ အခါတွေမှာ main switch board ထဲမဝင်နိုင်အောင်၊ panel တံခါးတွေမှာ liner တွေထည့်သွင်း တတ်ဆင်ထားခြင်း ဖြစ်ပါတယ်။ main switch board ရဲ့ panel တွေမှာရှိတဲ့ barker တွေကို၊ off လုပ်ပြီးမှသာ panel တံခါးတွေကို၊ ဖွင့်လို့ရစေဖို့ စီမံထားတာကိုတော့ 'dead front panel' လို့ခေါါပါတယ်။ ဒါ့အပြင် main switch board ရှေ့နဲ့နောက်ဖက်နေရာတွေမှာ 'hand rail' လို့ခေါါတဲ့ လက်ကိုင်တန်းတွေ တတ်ဆင်ထားဖို့နဲ့ main switch board ရှေ့နဲ့ နောက်ဖက် ကြမ်းပြင် floor မှာတော့ 'insulation map' လို့ခေါါတဲ့ rubber sheet တွေခင်းထားဖို့ SOLAS regulation မှာ ပြဌာန်းထားပါသေးတယ်။

open circuit fault, earth fault နဲ့ short circuit fault ဆိုတဲ့ circuit fault တွေပေါါပေါက်လာတဲ့အခါ၊ main switch board မှာတတ်ဆင်ထားတဲ့ safety devices တွေမှတဆင့်၊ လျပ်စစ်ဓါတ်အားပေးပို့မှုကို လိုအပ်သလို isolate ခွဲခြားပေးပါတယ်။ အခြေခံ safety devices တွေကတော့ circuit breakers တွေ၊ fuses တွေနဲ့ over current relay တွေဖြစ်ကြပြီး၊ dead front panel ကိုလည်း safety device တခုအနေနဲ့ ထည့်သွင်းစဉ်းစား နိုင်ပါတယ်။ over load ဖြစ်တဲ့အခါတွေနဲ့ short circuit fault ပေါါပေါက်တဲ့အခါတွေမှာ၊ circuit breaker တွေကတဆင့် အလိုအလျှေက် ဖြတ်တောက်ပေးပါတယ်။ အလားတူ rating အမျိုးမျိုးရှိတဲ့ fuses တွေမှတဆင့် short circuit ဖြစ်ပေါါတဲ့အခါ isolate လုပ်ပေးပါတယ်။ တတ်ဆင်ထားတဲ့ fuses တွေဟာ rated current ပမာဏထက် (၁) ဆခွဲပိုတဲ့ fuses တွေဖြစ်ပါတယ်။ over current relays တွေကတော့ high current ဖြစ်ပေါါလာတဲ့အခါ၊ တားဆီးပေးပါတယ်။

main switch board ကို feeder side နဲ့ load side ရယ်လို့ခွဲခြားနိုင်ပြီး၊ feeder side ဟာ လျှပ်စစ်ဓါတ်ကို၊ လက်ခံရယူတဲ့ အပိုင်းဖြစ်ကာ၊ parallel operation ဆိုတဲ့ generators တွေချိတ်ဆက်မောင်းနှင်နိုင်ဖို့၊ synchronizing panel လည်း ပါဝင်ပါတယ်။ load side ကတော့ လက်ခံရရှိတဲ့ လျှပ်စစ်ဓါတ်အားကို၊ equipment တွေနဲ့ machinery တွေအတွက်၊ အသုံးပြုတဲ့အပိုင်းဖြစ်ပြီး၊ essential load နဲ့ non-essential load side ရယ်လို့ (၂) ပိုင်း ခွဲခြားနိုင်ပါတယ်။ 
 
သဘော်ရဲ့ safety, propulsion နဲ့ navigation တို့နဲ့ ပက်သက်တဲ့ equipments တွေ၊ critical machinery တွေဟာ essential load တွေဖြစ်ပြီး၊ လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားကို၊ main switch board မှတိုက်ရိုက်ပေးပို့သလို၊ sectional boards တွေနဲ့ distribution boards တွေမှတဆင့် 'group starter panel' တွေ ထပ်မံခွဲထုတ်ကာ၊ လျှပ်စစ်ဓါတ်အားပေးပို့ပါတယ်။
 

 Fig. Group starter panel   

လျှပ်စစ်ဓါတ်အားကို main switch board bus bar တွေမှတဆင့်၊ distribution boards တွေထံပေးပို့တဲ့အခါ individual circuit breaker တွေခံကာပေးပို့သလို၊ distribution boards တွေမှ group starter panels တွေကိုပေးပို့တဲ့ အခါမှာလည်း၊ individual circuit breaker တွေခံ ကာပေးပို့ပါတယ်။

main switch board နဲ့တဆက်တည်း၊ တတ်ဆင်ထားတဲ့ group stater panels တွေကို bus bar တွေမှ တိုက်ရိုက်ပေးပို့ပြီး၊ သီးခြားတတ်ဆင် ထားတဲ့ group starter panels တွေဆီကိုတော့ cable တွေ အသုံးပြုကာပေးပို့ပါတယ်။ သီးခြားတတ်ဆင်ထားတဲ့ group starter panels တွေအတွင်း ရရှိလာတဲ့ လျှပ်စစ်ဓါတ်အားကို၊ bus bar အငယ်စားတွေကိုသုံးပြီး individual starter panel တွေ အတွင်းသို့ breaker တွေခံကာပေးပို့ပါတယ်။ individual stater panel တွေဟာ၊ cable တွေကို၊ အသုံးပြုပြီး သက်ဆိုင်ရာ machinery တွေထံသို့ ပေးပို့ကာမောင်းနှင် လည်ပတ်စေပါတယ်။

ဒါ့အပြင်လျှပ်စစ်ဓါတ်အားကို၊ 'transformer' မှတဆင့် 220 volt သို့မဟုတ် 110 volt သို့ step down လျှော့ချကာ၊ lighting, sockets တွေနဲ့ domestic used အတွက်ပေးပို့ပါတယ်။ တနည်းအားဖြင့် 'secondary distribution' လို့ခေါါနိုင်ပါတယ်။ မီးလောင်ခြင်း fire၊ ရေလွှမ်းခြင်း flooding ၊ သောင်တင်ခြင်း grounding နဲ့ သဘော်တိုက်ခြင်း collision အစရှိတဲ့ emergency အရေးပေါါအခြေအနေတွေမှာ၊ critical machinery တွေဖြစ်တဲ့ essential load တွေအတွက်၊ လျှပ်စစ်ဓါတ်အား ကို emergency switch board မှတဆင့်ပေးပို့ပါတယ်။ 
 
main switch board နဲ့ main generators တွေဟာ သဘော်ရဲ့ water line အောက်မှာ တတ်ဆင်ထားပြီး၊ emergency switch board နဲ့ emergency generator တို့ကိုတော့ water line သို့မဟုတ် load line ရဲ့အထက် နေရာတွေ ဖြစ်တဲ့ upper deck လို၊ continuous deck မှာ သီးခြားတတ်ဆင်ထားပါတယ်။ သာမန်အခြေအနေမှာ generator မှ၊ လျှပ်စစ်ဓါတ်အားကို main switch board နဲ့ emergency switch board ကိုပေးပို့ပါတယ်။ အကြောင်းတစုံတခုကြောင့် generator ဟာ၊ လျှပ်စစ်ဓါတ်အားကို main switch board သို့မပို့နိုင်တော့တဲ့အခါ၊ emergency generator အလိုအလျှောက် စတင်လည်ပါတ်ပြီး၊ emergency switch board မှတဆင့် essential load တွေထံ၊ လျှပ်စစ် ဓါတ်အားပေးပို့မှာဖြစ်ပါတယ်။


Reference and image credit to : Marine electrical equipment and practice by H.D Mc George, http://www.ship-technology.com, http://www.ubitechonline.com,

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Saturday 7 September 2013

"Engineering Thermodynamics"


Professor Tarik Al-Shemmeri, Renewable Energy Technology, Staffordshire University, UK ရေးတဲ့ စာအုပ်ပါ။ 2010 Edition ဖြစ်ပါတယ်။ ဒီနေရာ မှတဆင့် ရယူနိုင်ပါတယ်။


Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

Friday 6 September 2013

"Non-ballast Ship"

သဘော်ထဲမှာ ရေဖြည့်သွင်းပြီး၊ သွားလာခုတ်မာင်းခြင်းကို 'water ballast' လို့ခေါါပါတယ်။ သဘော်သွားလာ ခုတ်မောင်းမှုကြောင့် ပေါါပေါက်လာတဲ့ lateral forces ကို၊ resist အနေနဲ့ ခုခံနိုင်မယ့် movement ရရှိလာစေရန်၊ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ပြင်းထန်တဲ့လေတိုက်နှုံး excessively in high winds အကြား၊ သွားလာခုတ်မောင်းနေစဉ်၊ insufficiently ballasted အနေနဲ့ လုံလောက်စွာ ရေဖြည့်သွင်းထားခြင်း မရှိတဲ့အခါ၊ tend to tip တနည်းအားဖြင့် ‘heel’ ဆိုတဲ့ တိမ်းစောင်းမှု ပေါါပေါက်နိုင်ပြီး၊ heel ပမာဏများရာမှ၊ သဘော်တိမ်းမှောက်မှု ‘capsizing’ ဖြစ်ပေါါနိုင်ပါတယ်။

ကုန်မပါပဲ without cargo voyage အဖြစ်သွားလာတဲ့အခါ၊ သဘော်ကို upright အနေနဲ့ တည့်မတ်စွာ၊ ရှိနေစေရန်၊ ရေအနည်းငယ်ဖြည့်သွင်းထားတဲ့ ballast အနေအထားဖြင့်၊ ခုတ်မောင်းကြပြီး၊ ကုန်တင်တဲ့အခါမှာတော့ de-ballast အဖြစ်၊ ဖြည့်သွင်းထားတဲ့ရေတွေကို၊ ပြန်လည်စွန့်ထုတ်ပါတယ်။


Fig. One of the functions of a yacht's keel is to provide ballast  

အစောပိုင်းကာလ ရွက်သဘော် ဆိုတဲ့ sailboats တွေမှာ၊ lateral forces ကို၊ ဆန့်ကျင်ပြီးရွှေ့လျှားစေနိုင်ရန် 'live ballast' အဖြစ်၊ လေတိုက်ရာဖက်မှာ သဘော်သားတွေ ထိုင်ကာ၊ ထိန်းညှိရင်း heeling moment ကို၊ ရယူခဲ့ပါတယ်။ အဲဒီမှတဆင့် high density material တွေဖြစ်တဲ့ concrete, iron နဲ့ lead တို့ကို၊ သဘော်ရဲ့ keel မှာတတ်ဆင်ပြီး၊ heeling moment ကို ထိမ်းကျောင်းခဲ့ကြသလို၊ hull မှာ ကျောက်တုန်းတွေနဲ့ သဲတွေထည့်ပြီး၊ traditional ballast အဖြစ်၊ အသုံးပြုခဲ့ကြပါတယ်။

(၁၈၈၀) ခုနှစ် ကာလတွေအထိ၊ ကျောက်တုန်းတွေနဲ့ သဲတွေကို၊ cargo hold တွေအတွင်းမှာ၊ ထည့်ကာ solid ballast materials အဖြစ်အသုံးပြုခဲ့ကြ တာကို၊ heavy ballast လို့ ခေါါပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ သံကိုယ်ထည် steel-hulled vessels သဘော်တွေ တည်ဆောက်လာနိုင်သလို၊ pumping technology နည်းပညာတွေလည်း၊ တိုးတက်လာတာနဲ့အမျှ၊ solid ballast materials အစား၊ "ရေ" ကိုထည့်သွင်းခြင်းဖြင့် water ballast နည်းလမ်းကို၊ ပြောင်းလဲအသုံးပြုလာကြပါတယ်။

"ရေ" ဟာ ‘အလေးချိန်’ နဲ့ အချိုးကျကိုက်ညီတဲ့  ‘ထုထည’် weight to volume ratio ရှိပြီး၊ အသွင်းအထုတ် pump in/ pump out ကို အလွယ်တကူ ဆောင်ရွက်နိုင်တဲ့အတွက်၊ သဘော်ရဲ့ hull မှာ သီးခြား separate tanks တွေထည့်သွင်းပြီး၊ water ballast tanks အဖြစ်အသုံးပြုကြသလို၊ cargo tank တွေကိုလည်း၊ ရေဖြည့်သွင်းကာ၊ water ballast tanks အဖြစ် အသုံးပြုကြပါတယ်။

ballast tanks တွေရဲ့ အရွယ်အစားနဲ့ အရည်အတွက်ဟာ၊ သဘော်အမျိုးအစား type နဲ့ ပုံသဏ္ဍန် design ပေါါမူတည်ပြီး၊ ကွာခြားသလို၊ တတ်ဆင် ထားတဲ့ အနေအထား position ဟာလည်း၊ hull stresses ကို၊ minimize အနေနဲ့ လျှော့ချပေးနိုင်ရန်၊ လိုအပ်ပါတယ်။ stability ရရှိစေရန်၊ သဘော်ရဲ့ အောက်ခြေမှာ double bottom ballast tanks တွေကို၊ run the length of the vessel အနေနဲ့ တောက်လျှောက်တတ်ဆင်ပြီး၊ hull girder တွေဖြင့် ပိုင်းခြားကာ၊  တည်ဆောက်လေ့ ရှိပါတယ်။ ယေဘုယျအားဖြင့် ballast capabilities နဲ့ capacities ဆိုတဲ့ တင်ဆောင်ထည့်သွင်းနိုင်တဲ့ ရေထုထည် ပမာဏဟာ၊ သဘော်  dead weight tonnage ရဲ့ (25 ~ 30 %) ခန့်ရှိပါတယ်။

သဘော်တွေဟာ တနေရာမှတနေရာသို့၊ သွားလာခုတ်မောင်းနေကြတဲ့အတွက်၊ ballast နဲ့ de-ballast ကိုဆောင်ရွက်ရာမှာ၊  ဒေသတခုမှ ပင်လယ်ရေ များကို တင်ဆောင်လာပြီး၊ အခြားဒေသတခုမှာ စွန့်ပစ်ကြတယ်လို့၊ ဆိုနိုင်ပါတယ်။ ballast water အဖြစ်၊ ထည့်သွင်းထားတဲ့ ပင်လယ်ရေထဲမှာ aquatic species လို့ခေါါတဲ့  အဏ္ဍဝါဇီဝသက်ရှိ မျိုးစိတ်များ၊ အပင်များ၊ ပင်လယ်နေ အကောင်ငယ်များနဲ့ bacteria များပါဝင်လာပြီး၊ ballast tanks တွေအတွင်း ရက်သတ္တပတ်ပေါင်းများစွာ၊ အသက်ရှင်နေထိုင်သွားနိုင်ပါတယ်။


Fig. Water ballasting and de-ballasting 

အခြားဒေသတခုမှာ de-ballast အဖြစ်၊ ပင်လယ်ရေတွေကို၊ စွန့်ထုတ်လိုက်ရာမှာ၊ aquatic species တွေထဲမှ၊ အန္တရာယ်ပေးနိုင်သော မျိုးစိတ်တွေဟာ၊ ပင်လယ်ရေနဲ့ အတူ ပါဝင်သွားပြီး၊ ဒေသခံမျိုးစိတ်များအပေါ် လွှမ်းမိုးကာ၊ သဘာဝ ပတ်ဝန်းကျင်ဂေဟဗေဒစနစ်ဆိုတဲ့ ‘ecosystem’ ကို၊ ထိခိုက် ပျက်စီးစေတတ်ပါတယ်။ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့အစည်း ‘IMO’ နဲ့ အပြည်ပြည်ဆိုင်ရာကျမ်းမာရေးအဖွဲ့အစည်း ‘WHO’ တို့ဟာ၊ ‘epidemic disease bacteria’ ဆိုတဲ့ ပင်လယ်ရေမှတဆင့် လျှင်မြန်စွာ ကူးစက်ပြန့်နှံစေနိုင်သော ဘက်တီးရီယားတွေကို၊ ထိန်းချုပ်ရန် နည်းလမ်းတွေကို၊ ရှာဖွေလာကြပါတယ်။ IMO ရဲ့ MEPC လို့ခေါါတဲ့ ‘Marine Environment Protection Council’ မှ ‘Ballast Water Management’ ဆိုင်ရာ၊ လမ်းညွှန်ချက် guidelines တွေကိုလည်း စတင်ပြဌာန်းခဲ့ပါတယ်။

MEPC ရဲ့ Ballast Water Management ဆိုင်ရာ၊ လမ်းညွှန်ချက် guidelines တွေကိုတွေကို၊ resolution အနေနဲ့ လေ့လာကြည့်တဲ့အခါ၊ ‘G1’ - Guidelines for sediment reception facilities (resolution MEPC.152 (55)), ‘G2’ - Guidelines for ballast water sampling (resolution MEPC.173 (58)), ‘G3’ - Guidelines for ballast water management equivalent compliance (resolution MEPC.123 (53)), ‘G4’ - Guidelines for ballast water management and development of ballast water management plans (resolution MEPC.127 (53)), ‘G5’ - Guidelines for ballast water reception facilities (resolution MEPC.153 (55)), ‘G6’ - Guidelines for ballast water exchange (resolution MEPC.124 (53)), ‘G7’ - Guidelines for risk assessment under regulation A-4 of the BWM Convention (resolution MEPC.162(56)), ‘G8’ - Guidelines for approval of ballast water management systems (resolution MEPC.174 (58)), ‘G9’ - Procedure for approval of ballast water management systems that make use of Active Substances  (resolution MEPC.169 (57)), ‘G10’ - Guidelines for approval and oversight of prototype ballast water treatment technology programmes (resolution MEPC.140 (54)), ‘G11’ - Guidelines for ballast water exchange design and construction standards (resolution MEPC.149 (55)), ‘G12’ - Guidelines on design and construction to facilitate sediment control on ships (resolution MEPC.150 (55)), ‘G13’ - Guidelines for additional measures regarding ballast water management including emergency situations (resolution MEPC.161 (56)), ‘G14’ - Guidelines on designation of areas for ballast water exchange (resolution MEPC.151 (55)) နဲ့ ‘G15’ - Guidelines for ballast water exchange in the Antarctic treaty area (resolution MEPC.163 (56)) ဆိုပြီး တွေ့ရပါတယ်။

‘resolution MEPC.173 (58)’ ဆိုတဲ့ Guidelines for ballast water sampling, ‘resolution MEPC.123’ (53) ဆိုတဲ့ Guidelines for ballast water management equivalent compliance, ‘resolution MEPC.127 (53)’ ဆိုတဲ့ Guidelines for ballast water management and development of ballast water management plans နဲ့ ‘resolution MEPC.124 (53)’ ဆိုတဲ့ Guidelines for ballast water exchange တို့ဟာ၊ ‘Ship Operation Guidelines’ တွေဖြစ်ပြီး၊ သဘော်နဲ့တိုက်ရိုက်သက်ဆိုင်ပါတယ်။ 

‘resolution MEPC.174 (58)’ ဆိုတဲ့ Guidelines for approval of ballast water management systems, ‘resolution MEPC.169 (57)’ ဆိုတဲ့ Procedure for approval of ballast water management systems that make use of Active Substances နဲ့ ‘resolution MEPC.140 (54)’ ဆိုတဲ့ Guidelines for approval and oversight of prototype ballast water treatment technology programmes တို့ကတော့ ‘Approval of Ballast Water Management System’ နဲ့ သက်ဆိုင်ပါတယ်။ 

‘resolution MEPC.149 (55)’ ဆိုတဲ့ Guidelines for ballast water exchange design and construction standards နဲ့ ‘resolution MEPC.150 (55)’ ဆိုတဲ့ Guidelines on design and construction to facilitate sediment control on ships တို့ဟာ၊ 'Ship Design Guidelines' တွေ ဖြစ်ပါတယ်။ ‘resolution MEPC.162 (56)’  ဆိုတဲ့ Guidelines for risk assessment under regulation A - 4 of the BWM Convention, ‘resolution MEPC.161 (56)’ ဆိုတဲ့ Guidelines for additional measures regarding ballast water management including emergency situations, ‘resolution MEPC.151 (55)’ ဆိုတဲ့ Guidelines on designation of areas for ballast water exchange နဲ့ ‘resolution MEPC.163 (56)’ ဆိုတဲ့ Guidelines for ballast water exchange in the Antarctic treaty area တို့ကတော့၊ 'Administration Guidelines' တွေဖြစ်ပါတယ်။


Fig. Ballast Water Management

‘Ballast Water Management’ မှာ၊ အဓိကပါဝင်တဲ့ ကဏ္ဍတွေကတော့၊ ‘BWM methods’ ဆိုတဲ့ ballast water management နည်းလမ်း၊ recording procedure ဆိုတဲ့ မှတ်တမ်းတင်ခြင်းနဲ့ training and education ဆိုတဲ့ လေ့ကျင့်် ပညာပေးခြင်းတို့ဖြစ်ပါတယ်။ BWM methods ဆိုတဲ့ ballast water management နည်းလမ်းတွေကို၊ 'D1' ဆိုတဲ့ ballast water exchange method နဲ့ 'D2' ဆိုတဲ့ ballast water treatment system ဆိုပြီး ခွဲခြားနိုင်ပါတယ်။

'Ballast Water Exchange Method' ကို၊ အသုံးပြုတဲ့အခါ sequential method, flow through method နဲ့ dilution method ဆိုပြီး၊ နည်းလမ်း (၃) ခု ရှိတဲ့အနက်၊ တခုခုကို ရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်။ ‘sequential method’ ကို အသုံးပြုတဲ့ အခါ၊ ballast water ထည့်သွင်းးမယ့် tank ဟာ၊ empty အနေနဲ့ ရေမရှိပဲ ခန်းခြောက်နေရမှာဖြစ်ပြီး၊ replacement ballast water ကို tank ရဲ့ 95 % volume metric ပမာဏအထိ၊ ဖြည့်သွင်းရန် လိုအပ်ပါတယ်။

‘flow through method’ ကို အသုံးပြုတဲ့အခါ၊ replacement water ကို overflow အနေနဲ့ လျှံကျစေတဲ့အထိ၊ (၃) ကြိမ်၊ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ‘dilution method’ မှာတာ့ replacement ballast water ကို tank ရဲ့ အပေါါမှဖြည့်သွင်းပြီး၊ tank ရဲ့ အောက်ခြေမှ ရေပြန် ထုတ်ရမှာဖြစ်ပါတယ်။ ဖြည့််သွင်းတဲ့ flow rate နဲ့ ပြန်ထုတ်တဲ့ flow rate တို့တူညီရမှာဖြစ်သလို၊ tank ထဲမှ ရေ level ဟာလည်းပြောင်းလဲခြင်းမရှိပဲ၊ tank ရဲ့ volume metric ပမာဏနဲ့ တူညီတဲ့၊ replacement ballast water ကို၊ အသွင်းအထုတ် (၃) ကြိမ်၊ ဆောာင်ရွက်ရန် လိုအပ်ပါတယ်။ flow through method ကို ‘pump - through method’ လို့လည်း၊ ခေါါကြပါတယ်။


Fig. Ballast Water Management implementation schedule

Ballast Water Management implementation schedule အရ၊ 'D1' ဆိုတဲ့ Ballast Water Exchange Method ကို၊ သဘော်တည်ဆောက်ရာ ခုနှစ် ‘year of ship built’ နဲ့ ‘ballast capacity’ ပမာဏပေါါ မူတည်ပြီး၊ အချိန်ကာလတခုအထိ ဆက်လက် အသုံးပြုခွင့် ပေးထားမှာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ 'D2' ဆိုတဲ့ Ballast Water Treatment System ကိုသာ၊ တတ်ဆင်အသုံးပြုရတော့မှာဖြစ်ပါတယ်။ (၂၀၁၂) ခုနှစ်နောက်ပိုင်း၊ တည်ဆောက်တဲ့ သဘော်တွေမှာတော့ 'D1' ဆိုတဲ့ Ballast Water Exchange Method အား၊ အသုံးပြုခွင့် မပေးတော့ပဲ 'Ballast Water Treatment System' ကို၊ တတ်ဆင်အသုံးပြုရန် ပြဌာန်းထားပါတယ်။
  

Fig. Ballast water treatment 

Ballast Water Treatment System ကို၊ Mechanical/ gas - based treatment system, Physical treatment system နဲ့ Chemical treatment system ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။ Mechanical/ gas - based treatment system မှာ filtration, separation, hydro-clone နဲ့ carbonation နည်းလမ်းတွေကို၊ အသုံးပြုကြပါတယ်။ Physical treatment system မှာ Thermal, Ultraviolet irradiation, Ultrasound နဲ့ Electrolysis နည်းလမ်းတွေကို၊ အသုံးပြုကြပါတယ်။ Chemical treatment system မှာတော့ Oxidants, Biocides, De-oxygenation နဲ့ Electronically generated copper and silver နည်းလမ်းတွေကို၊ အသုံးပြုကြပါတယ်။ Mechanical/ gas - based treatment system ဟာ primary treatment system ဖြစ်ပြီး၊ Physical treatment system နဲ့ Chemical treatment system တို့ကတော့ secondary treatment system တွေဖြစ်ပါတယ်။

ballast water treatment system ကိုတတ်ဆင်ရန်၊ administration လို့ခေါါတဲ့ flag state သို့မဟုတ် classification society သို့လျှောက်ထားတဲ့အခါ၊ Type Approval Certificate, Approved Ballast Water Management Plan, Approved ship-specific Operation and Technical manuals နဲ့ Confirmation that electronic and control of BWT system have been typed tested – issued by Admin or test lab စတဲ့၊ စာရွက်စာတမ်းတွေ၊ လိုအပ်ပါတယ်။ BWM survey ကိုဆောင်ရွက်ရာမှာ၊ Ballast water record book,  Equipment manuals နဲ့  Installation specification and commissioning procedures အစရှိတဲ့၊ စာရွက်စာတမ်းတွေ၊ လိုအပ်ပါတယ်။

Ballast Water Management (BWM) Convention အရ၊ သဘော်တွေမှာ Administration ရဲ့ အသိအမှတ်ပြု Ballast Water Management Plan, Ballast Water Record Book, Ballast water exchange (Regulation D-1) သို့မဟုတ် ballast water treatment system (Regulation D-2) နဲ့ International Ballast Water Management Certificate တို့၊၊ ပါရှိရမှာဖြစ်ပါတယ်။  

‘1997 International Maritime Organization (IMO) ballast water management Guidelines A.868 (20)’ အရ၊ ‘Ballast Water Management’ ကို အပြည့်အဝလိုက်နာပြီး၊ ဆောင်ရွက်ရာမှာ၊ ballast draft အထိ၊ ရေဖြည့်သွင်းရတဲ့အတွက်၊ additional weight အနေနဲ့ သဘော်ရဲ့ buoyancy ကျဆင်းသွားပါတယ်။ အရွယ်အစားကြီးမားတဲ့  VLCC ဆိုတဲ့ very large crude carrier ရေနံတင် သဘော်ကြီးတွေမှာ၊ unloaded transit condition အနေနဲ့ သွားလာ ခုတ်မောင်းတဲ့အခါ၊ propeller ကို  fully submerged အနေနဲ့ ရေထဲမြုတ်နေစေရန် forward draft နဲ့ ချိန်ဆပြီး၊ ballast water ဖြည့်သွင်းရပါတယ်။ bottom slamming ကြောင့်ပေါါပေါက်လာမယ့် hull bending moments ကို၊ ရှောင်လွှဲနိုင်ရန် ballast water ဖြည့်သွင်းခြင်းလည်း၊ ဖြစ်ပါတယ်။

transverse stability ရရှိစေရန်၊ ရေဖြည့်သွင်းထားခြင်းကြောင့် လှုပ်ရှားကပ်ခွာသွားလာနိုင်စွမ်း manoeuvrability ကျဆင်းသွားပါတယ်။ during cargo operations ဆိုတဲ့ ကုန်တင်နေစဉ်မှာလည်း၊ trim နဲ့ heel တို့ ညီမျှနေစေရန်၊ ballast water အသွင်းအထုတ်ကို၊ ဆောင်ရွက်ရပါတယ်။ ballast  နဲ့ de-ballast တို့ကို၊ အချိန်ကြာမြင့်စွာ ဆောင်ရွက်ရတဲ့အတွက်၊ လောင်စာသုံးစွဲမှု fuel consumption ပမာဏလည်း၊ မြင့်တက်လာပါတယ်။ 

ballast water treatment system ကိုတတ်ဆင်ရာမှာ၊ ကနဦးကုန်ကျစားရိတ် initial installation coast ပမာဏကြီးမားသလို၊ နောက်ပိုင်းမှာ filters, ultraviolet irradiation, chemical biocides အစရှိတဲ့၊ sterilization equipment တွေအတွက်၊ အသုံးပြုမယ့် ကုန်ကျစားရိတ်ဟာလည်း၊ မြင့်မားပါတယ်။ ဒီ့အတွက် ballast water treatment system အသုံးပြုစရာမလိုတဲ့ 'Non-ballast Ship' သဘော်တွေကို၊ တည်ဆောက်ရန် စဉ်းစားလာကြပါတယ်။


Fig. Non-ballast ship  

non-ballast ship သဘော်ရဲ့ waterline အောက်မှာ၊ သဘော်ဦး bow မှ ပဲ့ပိုင်း stern အထိ တောက်လျှောက်ရှည်လျှားတဲ့ trunks ကို၊ ထည့်သွင်း ထားပြီး၊ local seawater ကို constant flow ဖြင့်၊ အဆက်မပြတ် စီးဆင်းစေခြင်းဖြင့် သွားလာခုတ်မောင်းနေစဉ်၊ ပေါါပေါက်လာမယ့် ‘potential hauling’ အား၊ လျှော့ချယူပါတယ်။ non-ballast ship ဆိုတဲ့ ballast free ships သဘော်တွေကို၊ ballast trunks, hull shape, CFD tools, propulsion, trim and heel နဲ့ cargo segregation ဆိုတဲ့ အဓိက features အချက်အလက်တွေကို၊ အခြေခံပြီး တည်ဆောက်ထားပါတယ်။

ballast tank တွေအစား ထည့်သွင်းတည်ဆောက်ထားတဲ့ ballast trunks ဟာ  longitudinal structural ballast trunks ပုံသဏ္ဍန်ရှိပြီး၊ centre tank (၁) ခု၊ intermediate tanks (၂) ခုနဲ့ side tank (၂) ခုပါဝင်ပြီး၊ side tank (၂) ခု ကတော့ cargo hold ရဲ့ ဘေးမှာ၊ ရှိနေပါတယ်။ ballast trunks အတွင်းသို့ seawater ဝင်ရောက်မယ့် intake plenum လို့ခေါါါတဲ့ positive pressure inlet chamber နဲ့ seawater ထွက်သွားမယ့် discharge plenum လို့ခေါါါတဲ့ positive pressure outlet chamber တို့ဟာ၊ သဘော်ရဲ့ bow နဲ့ stern မှာတည်ရှိနေပါတယ်။ ballast trunks ဟာ swamped တနည်းအားဖြင့် overwhelm အနေနဲ့ ရေလွှမ်းနေတဲ့အတွက်၊ ship’s buoyancy ကို၊ diminish အဖြစ်လျှော့ချပေးနိုင်ပါတယ်။

ballast free ships သဘော်တွေရဲ့ ကိုယ်ထည် hull ကို၊ V shape ပုံသဏ္ဍန်တည်ဆောက်ထားတဲ့အတွက်၊ hull resistance ကျဆင်းသွားပြီး၊ fully loaded နဲ့ unloaded အခြေအနေတွေမှာ propeller ဟာ၊ optimizes အနေနဲ့ စွမ်းရည်တက်လာပါတယ်။ CFD tools လို့ခေါါတဲ့ Computational Fluid Dynamic နည်းလမ်းတွေကို၊ အသုံးပြုကာ၊ တွက်ချက်တည်ဆောက်လာတဲ့အတွက်၊ သဘော်ရဲ့ bow နဲ့ stern area တွေမှာ ပေါါပေါက်လာမယ့် pressure fields တွေကို၊ ပိုမိုလျှော့ချလာနိုင်ပါတယ်။

propulsion အနေနဲ့ twin screw optimum diameter propellers တွေကို၊ တတ်ဆင်အသုံးပြုထားပါတယ်။ ဒါ့အပြင် longitudinal bulkheads တွေကိုသာ အသုံးပြုထားတဲ့အတွက်၊  longitudinal centre line တဝိုက်မှာ၊ moment equilibrium ဖြစ်ပေါါနေပြီး၊ cargo operations ဆောင်ရွက်စဉ်၊ trims ပြောင်းလဲမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ cargo segregation မှာ local sea water ကိုသာအသုံးပြုပြီး၊ 1 : 55 %, 2 : 25 % နဲ့  3 : 20 % သို့မဟုတ် 1 : 55 %, 2 : 22.5 % နဲ့  3 : 22.5 % ratio ဖြင့် ရေအသွင်းအထုတ် ဆောင်ရွက်နိုင် ပါတယ်။


Reference and image credit to : http://www.dnv.com/, http://www.tc.gc.ca/, ကိုအောင်ထွဋ် Ballast Water Management (BWM) - http://blog-aunghtut.blogspot.sg/, Guide for Ballast Water Exchange – ABS, http://www.nyk.com/, http://mlmlblog.wordpress.com/, http://www.marineinsight.com/,

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

"Hatch Cover" နဲ့ ပတ်သတ်ပြီး မှတ်မိသလောက်လေး

ကချင်သူလေး 'မေဝမ်' က တောင်းဆိုလို့ 'hatch cover' နဲ့ ပတ်သတ်ပြီး မှတ်မိသလောက်လေးကိုရေးကြည့်ပါမယ်။ 'စာ' တခါမှမရေးဘူးလို့ အဆင်ပြေသလို ဖတ်ပေးဖို့ကြိုပြီး၊ တောင်းပန်ချင်ပါတယ်ခင်ဗျာ။

'hatch covers' တွေရဲ့အဓိက control တွေတော့ hydraulic system ပါ။ power pack လို့ခေါ်တဲ့ hydraulic pump station မှာ၊ electric driven motor နဲ့ pump ကို မောင်းပါတယ်။ direct coupling ဖြစ်ရင်ဖြစ်မယ်၊ chain coupling ဖြစ်ရင်လည်းဖြစ်မယ်။ hydraulic tank မှာတော့ suction filter ရှိမယ် ၊pump ရဲ့ discharge line မှာ check valve တလုံးရယ် pressure relief valve တလုံးရယ် ရှိပါမယ်။

relief valve က သတ်မှတ်ထားတဲ့ pressure ရအောင် လုပ်ပေးပါတယ်။ တကယ်လို့ အကြောင်းတခုခုကြောင့် pump overload ဖြစ်ခြင်းမှလည်း၊ ကာကွယ် ပေးပါတယ်။ နောက်ပြီးတော့ မပါမဖြစ်တဲ့ line filter ရှိပါမယ်။ safety အတွက်ကတော့ hydraulic oil high temperature ဖြစ်ရင် cut out လုပ်မဲ့ thermostat ရယ်၊ oil low level ဖြစ်ရင်cut out လုပ်မဲ့ level switch တခုရှိပါမယ်။ ဒါတွေကတော့ hydraulic power station တခုမှာ မဖြစ်မနေ ရှိရမဲ့ဟာတွေပါ။ အချို့ system တွေမှာ oil cooler fan ရယ်၊ သူ့ကို temperature အလိုက်မောင်းပေးမဲ့ control thermostats ရယ်၊ ရှိတတ်ပါတယ်။

'accumulator' လို့ခေါ်တဲ့ out put pressure ကို steady ဖြစ်အောင် ထိန်းပေးထားမယ့် nitrogen ဖြည့်ထားတဲ့ cylinder တလုံးလည်း၊ ရှိနိုင်ပါတယ်။ hatch cover ကိုဖွင့်တာကတော့ (၂) မျိုးရှိနိုင်ပါတယ်။ hatch cover ကြီးကို hydraulic cylinder (၂) လုံးနဲ့ တွန်းတင်ပြီးဖွင်.တဲ့ system ပါ။ hatch တပေါက်မှာ cover (၂) ခုပါမယ်။ စုစုပေါင်း hyd cylinder (၄) လုံးရှိပါမယ်။ hatch cover က vertical motion ပါ။ နောက်တမျိုးကတော့ hatch cover ကို roller တွေ chain တွေနဲ့ ဆွဲပြီးဖွင့်တဲ့ systemပါ။ hatch cover က horizontal motion ပါ။

system (၂) ခုလုံးအတွက် 3 way directional control valve ကို control အဖြစ်နဲ့ အသုံးများကြပါတယ်။ ပထမ system အတွက် hydraulic power station မှ၊ လာတဲ့ pressure ကို 3 way directional control valve ကတဆင့် hydraulic cylinder ကို၊ လိုအပ်သလိုမောင်းပြီး အဖွင့်အပိတ်လုပ်ပါတယ်။

ဒုတိယ system အတွက် hydraulic power station မှ၊ လာတဲ့ pressure ကို 3 way directional control valve ကတဆင့် hydraulic motor ကို လိုသလို၊ ရှေ့နောက်လည်စေပါတယ်။ hydraulic motor ရဲ့ shaft ကိုhatch cover မှာတပ်ထားတဲ့ roller တွေ chain တွေနဲ့ ဆက်ထားတဲ့အတွက် hatch cover အား၊ ဆွဲပြီး ဖွင့်နိုင်ပိတ်နိုင်ပါတယ်။


Fig. Rolling hatch covers

Fig. High stowing folding hatch covers


Fig. Low stowing folding hatch covers


Fig. Lift-away hatch covers 


Fig. Piggy-back hatch covers 
 

bulk Carriers သဘော်တွေနဲ့ ကုန်သေတ္တာတင် container သဘော်တွေရဲ့ "weather deck" မှာ အသုံးပြုတဲ့ hatch covers တွေကို၊ ခွဲခြားကြည့်လျှင် Rolling hatch covers, Folding hatch covers, Lift-away hatch covers နဲ့ Piggy-back hatch covers ဆိုပြီးတွေ့ရသလို Folding hatch covers တွေကို high stowing folding hatch covers နဲ့ low stowing folding hatch covers ဆိုပြီး ထပ်မံ ခွဲခြားနိုင်ပါတယ်။

Lift-away hatch covers ကလွဲလို့ ကျန်တဲ့ hatch covers အမျိုးအစား အားလုံးဟာ hydraulic system ကို အသုံးပြုပြီး၊ အဖွင့်အပိတ် ဆောင်ရွက်ရတဲ့ hatch covers တွေဖြစ်ကြပါတယ်။ High stowing folding hatch covers တွေမှာ 3/ 2 ways directional control valves တွေကိုသာ၊ အသုံးပြုကြပါတယ်။


Credit to : Sea Lord (Win Wise Wish Marine Engineering Group)

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party. 

"သင်္ဘောပေါ်မှာဆောင်းနေတဲ့ Helmets တွေမှာ Expiry date ရှိတဲ့အကြောင်း"

  

Credit to : Lwin Kogyitoe (Win Wise Wish Marine Engineering Group)

Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.